ဒီပိုစ့်လေးကိုရေးမယ်လို့ စဉ်းစားမိတာကတော့ အခုတလော ကျွန်မတစ်ယောက် ဘာတွေဖြစ်နေတယ် မသိပါဘူး ။ သူတပါးကို ပြောထဲ့လိုက်ဖို့ ၀န်မလေးနေဘူး။ ဒီနေ့ သောကြာနေ့ဆိုတော့ တရားတစ်ပုဒ်လောက်တော့ နာဖြစ်အောင် နာတတ်တော့ တရားနာမယ်ဆိုပြီး ကျေးဇူးရှင်ဆရာတော် ဓမ္မစတီဆရာတော် ဦးကောသလ္လရဲ့ ဆိုဒ်ကို ၀င်တော့ ဒီနေ့ ဘာတရားနာရင်ကောင်းမလဲ ရွေးနေတုန်း ။အရင်ကလဲ နာဖူးပြီးသားဆိုပေမဲ့ အခုတလောဖြစ်နေတဲ့ ကိုယ့်စရိုက်ကို သိနားလည်အောင်ဆိုပြီး " ဝေသာလီ လှဧကရီ ဘ၀ဆည်းဆာ " ဆိုတဲ့ တရားကို ထပ်မံနာဇြစ်သွားပါတယ် ။ ဒီလိုနာနေရင်း ဒီပိုစ့်လေးကိုရေးမယ် ဖြစ်သွားပါတယ်။

"ဝေသာလီလှ ဧကရီ အမ္ဗပါလီ " တဲ့ ။ သိပ်ချောသိပ်လှတဲ့ ဘုရင်သမီးတော်လေး ။ ဒါပေမဲ့ ဘ၀တစ်ခုမှာ ဘိက္ခူနီမတစ်ပါးဖြစ်စဉ် ဘုရားစေတီမှာ သွားရောက်တံမြက်စည်း သန့်ရှင်းလှည်းကျဉ်းနေစဉ် ရဟန္တာထေရီမတစ်ပါးက ချောင်းဟန့်လိုက်တယ် ။ အဲဒီချိန်မှာတံတွေးက ရင်ပြင်တော်ပေါ် ကျရောက်သွားပါတယ် အဲဒါကိုမြင်တော့ ဆေးကြောသိမ်းပေးလိုက်ရင် ကုသိုလ်ရလို့ ပြီးသွားမဲ့ကိစ္စလေးကို " ဘယ်ပြည်တန်ဆာမကများ ဘုရားရင်ြ့ပင်တော်မှာ တံတွေးထွေးခဲ့တာလဲ ၊ ကိုယ်ဘာသာကိုယ် မသန့်ရှင်းသွားတာလဲ"လို့ ပြောလိုက်မိတဲ့ စကားလေးတစ်ခွန်းကြောင့် ဘ၀ပေါင်းတစ်သောင်း ကာလပတ်လုံး ပြည်တန်ဆာမ ဖြစ်ရသလို နောက်ဆုံးဘ၀ ကျွတ်တန်းဝင်ရမဲ့ ကျွန်မတို့ ဘုရားရှင် ဂေါတမဘုရားရှုင်လက်ထက် မှာတောင် ဘုရင်သမီးတော်ဘ၀ရတာတောင် ပြည်တန်ဆာမ ဖြစ်ရပါသေးတယ် ။ ကြည့်စမ်း ဘယ်လောက်တောင် ကြောက်မက်ဖွယ် ကောင်းလိုက်ပါလိမ့်နော် ။
စကားလေးတစ်ခွန်းထဲနော် ။

ကျွန်မတို့လူ့လောကမှာ ဒေါသမောဟတွေနဲ့ အပြည့်ဖုံးလွှမ်းနေတာနော် ။ ဒေါသကြောင့် ၊မောဟကြောင့် ကိုယ်ထိရောက်ကျူးလွန်မှု့မပြုခင် ဒီနှုတ်ခမ်းကနေ စကားတွေက လွှတ်ထွက်သွားပြီးသား ။ ဘာမှမမြင်တော့ဘူး ။ သတိထားမိလိုက်ချိန်မှာတော့ ပြောဆိုပြီးသွားပြီ ။ လူတိုင်း သက်ရှိတိုင်းမှာ မြင့်မြတ်မှု့ တစ်ခုစီရှိနေပါ့မယ် ။သူတို့ဆီမှာ စောင့်ထိန်းနေတဲ့ သီလတွေတည်နေ မြဲနေမှာပါ။ ဒါကြောင့် ဆရာတော်ဘုရားက မသိရင် မပြောနဲ့ မဝေဖန်လိုက်ပါနဲ့ တဲ့ ။ အရိယာသူတော်ကောင်းတွေကို ပြစ်မှားမိလိုက်လို့ ကမ္ဘာနဲ့ချည်းပြီ ငရဲခံရသလို ၊ အပြစ်ဒဏ်ဆယ်ပါးလဲခံရနိုင်တယ်တဲ့ ။ အဲဒီပြစ်ဒဏ်ဆယ်ပါးကိုဖော်ပြလိုက်ပါတယ် ။

၁)သွေးအန်ဖြစ်လွယ် ၊ ၂) ရောင်းဝယ်ရှုံးခြင်း ၊ ၃) ချွတ်ယွင်းအင်္ဂါ ၊ ၄)ကုဠာနူနာ ၊ ၅) ရူးကြဖောက်ပြန် ၊ ၆) မင်းဒဏ်သင့်ခံ ၊ ၇) ကြမ်းတမ်းစွပ်စွဲ ၊ ၈) သေကွဲသားချင်း ၊ ၉) ပျက်ယွင်းစည်းစိမ် ၊ ၁၀) နေအိမ်မီးလောင် ။

တကယ်ပဲနော် ။ စကားလေးတစ်ခွန်းကနေ ဒီလောက်ထိကြောက်မက်ဖွယ် ဇြစ်သွားရတယ်လို့ ။ ကျွန်မတို့လဲ ဆင်ခြင်ကြရအောင်နော် ။ ပုထုစဉ်ဆိုတော့လဲ ပြောမိဆိုမိမှာပဲလေ ။ တတ်နိုင်သလောက် ကနေ နောက်ဆုံး ဆရာတော်ဘုရားပြောသလိုပေါ့ မပြောနဲ့ မဝေဖန်နဲ့ ဆိုတဲ့ အထိ ထိန်းကြရအောင် ။ ကိုယ်က ဘာမှမဟုတ် ( တချို့ကိစ္စဆို စိတ်ထဲကတောင် မပါဘူး။ ) ပြောလိုက်မိတာလေး တစ်ခုထဲပါပဲ ။ ကျွန်မလဲ တော်တော်လေးပြင်ရမယ် ။ ပါးစပ်ကနေ လွှတ်ခနဲ ထွက်ထွက်သွားတတ်တဲ့ အကျင့်လေး ရှိတယ် ။ အဲဒီအတွက် စိတ်အနှောက်အယှက် ဖြစ်ဖြစ်သွားရတယ်ဆိုရင်လဲ တောင်းပန်ပါတယ်နော်လို့ ဒီကနေ ပြောချင်ပါတယ် ။

(ကျွန်မ တကယ်အားနာပါတယ်။ အဟောင်းတွေချည်းပဲ ပြန်တင်နေမိလို့ပါ။ ကျွန်မ ပိုစ့်အသစ်ရေးတင်ချင်တယ်။ ဒါပေမဲ့ ဘာရေးရင်ကောင်းမလဲ စဉ်းစားတာ မရသလို၊ လူကလဲ နည်းနည်းစိတ်ရှုပ်နေတာ အမှန်ပဲလေ။ အိမ်ကို လာလည်ကြတဲ့ မောင်နှမများကိုလဲ ပိုစ့်အသစ်မရှိပဲ လာလည်ပြီး ပြန်သွားရတာ အားနာတယ်။ ဒါကြောင့် ကျွန်မ ဒီဘလော့ဂ်လေးကို စရေးစမှ ရေးသားခဲ့တဲ့ ပိုစ့်အဟောင်းလေးတွေထဲက တရားနဲ့ပက်သက်တာလေးတွေကို မျှဝေချင်ပါတယ်။ ကျေနပ်နိုင်ပါစေနော်။)

18 comments:

Anonymous said...

၁ ယူကြည့်ဦးမယ် :D

Anonymous said...

မငုံပြောတာ ဟုတ်တယ် ... အဲဒီ့တရားကို နာဖူးတယ် .. တရားရယ်တော့ မဟုတ်ပါဘူး ... စာအုပ်မှာ ဖတ်ဖူးတယ် ... စကားတစ်ခွန်းတည်းနဲ့ ဒီလို ဘဝဆက်ပေါင်းများစွာ ခံစားရတာ တော်တော်လေး နာကျင်ပါတယ် ... ဆင်ခြင်ကြဖို့လည်း ကောင်းတယ်နော် ... မှတ်သားသွားပါတယ် .. ကိုယ်တွေလည်း တစ်ခုခုဆို စိတ်အခန့်မသင့်ရင် မသင့်သလို ပက်ကနဲပြောမိတတ်တဲ့ အကျင့်က ရှိတယ် .. စိတ်ထဲက ဒီလောက်ပြောချင်လို့ရယ်တော့ မဟုတ်ဘူး .. ဝသီလို ဖြစ်နေတာမျိုးပေါ့ .. လျော့ရမယ် ... ပို့စ်တွေရေးဖို့ အာရုံမလာသေးရင်လည်း နားနေပါ မငုံရေ .. အဟောင်းတွေပဲ ပြန်ဖတ်ပါဦးမယ် တစ်နေ့ နဲနဲချင်းစီပေါ့ .. :D
နေဒေးသစ်။

kaungkinpyar said...

လာမျှယူတယ် ငုံလေး

မိုးစက်အိမ် said...

ဟောင်းပေမဲ.လဲ ကောင်းတယ်မကြီးရေ...
ဒေါသ နဲ. မပြော မိစေအောင်သတိပေး
သလို ဖြစ်စေတဲ. အတွက်ကျေးဇူးပါ...
ဝစီကံ ကအရမ်းကြောက်ဖို.ကောင်းပါတယ်...

Sein Lyan Tun said...

ခုတစ်လော မငုံတစ်ယောက်
တရားဘက်ရောက်နေတယ်
စိတ်ကုန်နေပြီးလား လောကကြီးကို
ဒီဇာတ်ထုတ်လေးကို ဓမ္မပဒမှာ ဖတ်ဖူးတယ်
ခု မငုံရေးတာလဲ ဖတ်လို့ကောင်းတယ်..
အဆင်ပြေပါစေ...
ချစ်ခင်စွာဖြင့်
ဖိုးစိန်

တောင်ပေါ်သား said...

မကြီးရဲ့ စကားတခွန်းရဲ့ အရေးပါပုံလေးကို လာဖတ်သွားတယ်ဗျာ


လေးစားလျက်
တောင်ပေါ်သား

kiki said...

အံမလေးး ။ အံမလေး ။
ကြောက်ဖို့ ကောင်းလှ ပါ ချေလား ။
မဖြစ်သေးပါဘူး ။
နောက်ဆို ဘလောဂ်တွေရေးပြီး ဟိုလူဆဲလိုက် ဒီလူဆဲ လိုက် လုပ်နေတာ တွေ ဆင်ခြင် အုံး မှ ပါဘဲ .
ကျေးဇူးတင်တယ် မြေးရယ် ။
နောင်ဆို အပြော အဆို ဆင်ခြင်ရမယ် ။
ခုတောင် သောက်ညင်ကပ်တဲ့ သူတွေ အတော်များနေပြီ။

ဖွား ကိ ။

Anonymous said...

စာလာဖတ်သွားပါတယ်... ဆင်ခြင်ရင် အကောင်းဆုံးပေါ့ဗျာ...

ခင်မင်လျှက်
အဆိပ်ခွက်

Anonymous said...

ငုံလေးရေ ကိုယ်တိုင်မနာဘူးပေမယ့် အခုလိုလေးမျှဝေ ပေးလိုက်တာ ကျေးဇူးတင်ပါတယ်။
ဒါနဲ့ အခုတလော တရားတွေပဲ နာနေလား စိတ်ကုန်နေပြီလား မကြီးကိုလည်းခေါ်နော်။ :)

ခင်တဲ့

တလနွန် said...

ဒီတရားလေးကို နာဖူးပါတယ်။ မေ့တေ့တေ့ဖြစ်လုဖြစ်ခင်
ပေါ့။ မငုံ ပြန်ပြောတော့ ပိုပြီး မှတ်မိသွားပြီး။ ကာယကံ
ဝစီကံ မနောကံ ကို တတ်နိုင်သလောက် ကြိုးစားကြ
မယ်လေ။ မငုံလည်း ချမ်းသာ ကိုယ်စိတ် မြဲပါစေ :)

ခင်မင်ခြင်းနှင့်
တလနွန်

သုဒြေ္န said...

ကျေးဇူးပါညီမရေ ကိစ္စများမြောင်လူတို့ ဘောင် ဆိုတဲ့ အတိုင်း လူတွေဟာကိစ္စများလွန်းတဲ့ အခါ စိတ်မကြည်လင်ဖြစ်မယ် စိတ်တိုမယ် စိတ်ညစ်မယ် အဲဒီလိုဖြစ်လာပြီးနောက် ပြောထွက်လာတဲ့ စကားတွေ လဲဘယ် လိုမှသာယာနာပျော်ဘွယ် မဖြစ်နိုင်တော့ ဘူးပေါ့ပြောလိုက်တဲ့ခဏတာမှာဘာရည်ရွယ်ချက်မှ မရှိပေမဲ့ ခံ၇မဲ့ ဝဠ်ကဘ၀တသောင်းတောင် အကိုတို့  မားသားဆိုခဏခဏသတိပေးတယ်{၀စီဗေဒထိတိုင်းရှ}လို့ ဆုံးမတတ်တယ် ခုလဲဒီပိုစ်လေးနဲ့ သတိလေးတဲ့  ညီမလေးကိုကျေးဇူးပါညီမရေလို့ ပြောလိုက်တာပါ ခင်တဲ့ အကို သုဒြေ္န ps.....နေရာဦးကောင်းတဲ့ နေဒေးကိုပြောပေးပါ အကိုတို့ ရွာဘုရားပွဲေ၇ာက်ရင်သူ့ ကိုခေါ်မယ်လို့ နေရာကြိုဦးရအောင်

ဇော် said...

ဟုတ်စ်
ဆင်ခြင်ပါ့မယ် ဒေါ်လေးငုံ ခင်ဗျာ။ အဟိ။

ခမ်းကီး said...

သတိဆိုတာ ပ်ုတ်ာမရှိပါဘူး။

ဟောင်းပေမယ့် ကောင်းနေဆဲ တရားအဆုံးအမတွေပါ။

ကိုလူထွေး said...

အဟောင်းဆိုပေမယ့် မဖတ်ရသေးသူအတွက်တော့ အသစ်ပါပဲ...

ဖိုးစိန်ပြောတာ ဟုတ်သလိုလိုပဲ..

အခုတလော အပျိုကြီးတွေ တရာချည်း ဖိနာနေကြတယ်...

းဝ)

(မပြောရဘူးဆိုပေမယ့်... ကိုယ့်စိတ်ထဲမှာ မကြေနပ်ရင် မကြေနပ်ကြောင်း ပြောလို့ရပါတယ်... အဲဒီအတွက် လူသားတိုင်းမှာ လွတ်လပ်တဲ့ အခွင့်အရေးရှိပါတယ်... ရှမ်းမလေးရယ်)

Anonymous said...

ဘယ်ပြည့်တန်ဆာမ ထွေးသွားလဲလို့ မသိပဲပြောမိတာတောင် ဒီလောက်ခံနေရရင်
အင်း........ ကျနော်တို့ အစိုးရ အတွက် ရင်လေးမိတယ်ဗျာ.....

မိုးခါး said...

ဟုတ်တယ် မငုံရေ
စကားက မပြောတာပဲအကောင်းဆုံးထင်တယ်နော်
ပြောလိုက်ရင် အမှားက ပါတတ်ရော ..း)

Libratun said...

တန်ဖိုးရှိပါတယ်။ သတိနည်းတဲ့သူတွေ ဖြစ်လေ့ဖြစ်ထရှိတဲ့အဖြစ်ပါ။ စကားနှစ်ခွန်းကိုသာ ပြောနိုင်ရင် အကောင်းဆုံးပါပဲ။ ကျေးဇူးတင်ပါတယ်ဗျာ။

libratun.blogspot.com

ဇော် said...

ဘာပဲပြောပြော ကျနော်မှ မဖတ်ရသေးတာ
အဲ့တော့ ဆားချက်လဲ ကောင်းတယ်။ အဟီး။ =)