မော(၀်)မောင်နှမများကို ချစ်ရှာလွန်းလို့ ခဏခဏတဂ်တဲ့ ရှပ်ပြာစိန် အဲ.တောင်ပေါ် စီဘောက်မှာ လာအော်သွားတယ်။ မရေးမနေရ တချက်လွှတ်အမိန့်တဲ့။ ကိုသုနြေ္ဒကို ပေးထားတဲ့ ကတိနဲ့ အတူတူပဲရေးလိုက်မယ်။ နိုင်ငံခြားပြန် မြန်မာတစ်ယောက်ငြီးချင်းတော့ ဟုတ်ပါဘူး။ နိုင်ငံခြားရောက် မြန်မာတစ်ယောက် ငြီးချင်းပါ။ အပိုင်းခွဲရေးမယ်နော်။ အတွေ့အကြုံတစ်ခုချင်းစီ ခွဲရေးသွားမယ်လေနော်။ အခုတော့ ဗီဇာနဲ့ အလုပ်ရှာရပုံလေး ဝေမျှထားပါတယ်။
အမှန်တော့ ဒီဒူဘိုင်းကို လာမိတဲ့ကျွန်မ ကိုယ်ဘာသာကိုယ် အမြဲပဲပြောနေတာက " သေချင်တဲ့ကျား တောပြောင်းလာတာကိုး"လို့ပေါ့။ ဘယ်သူမှ ရိုက်မောင်းလွှတ်လိုက်လို့ ဒီရောက်လာတာလဲ မဟုတ်။ ကိုယ့်သဘော ကိုယ့်ဆန္ဒနဲ့ နောက်ဆုံး ၂၀၀၇ခုနှစ် နိုဝင်ဘာ ၁၈ ရက်နေ့မှာပေါ့။ ဒူဘိုင်းရောက်ရင် အဒေါ်နဲ့ပဲ တူတူနေပါ့မယ်။ တစ်ယောက်တည်းမနေပါဘူး။ အဒေါ်စကားနားထောင်ပါ့မယ်။ မပျော်ရင်၊ စိတ်ညစ်ရင် ပြန်လာပါ့မယ်ဆိုတဲ့ ကတိတွေကို အထပ်ထပ်ပေးပြီး လှည့်မကြည့်တမ်း ထွက်လာခဲ့တော့ အသည်းမာလိုက်တာလို့ ကင်ပွန်းတပ်ခံရပါသေးတယ်။ မိဘတွေရင်ထဲ ဘယ်လိုဖြစ်ကျန်ခဲ့မယ်ဆိုတာ မတွေးပဲ ကိုယ်ဖြစ်ချင်တာကို လုပ်ဖို့ ထွက်လာခဲ့တာပါ။
သုံးလသက်တမ်းရှိတဲ့ visit visa လေးကိုင်ပြီး ကုမ္ပဏီတစ်ခုမှာ ရုံးဝန်ထမ်း ( office staff)လုပ်ချင်လို့တဲ့။ ဒူဘိုင်းရောက်တော့ စတွေ့တာပါပဲ။ များသေားအားဖြင့် ဒီမှာ ဖီလစ်ပိုင်၊ အိန္ဒိယနဲ့ ပါကစ္စတန်လူမျိုးတွေ အတော်များတာကို တွေ့ရပါတယ်။ ဖီလစ်ပိုင်တွေကို ဘာသာစကားနေရာမှာ မယှဉ်နိုင်သလို၊ သွက်လက်ချက်ချာမှု့မှာလည်း မယှဉ်နိုင်ခဲ့လို့ အင်တာဗျူးတိုင်း လှည့်ပြန်ခဲ့ရတာချည်းပါပဲ။ ရုံးပိုင်းဆိုင်ရာ အလုပ်မှာ ၀င်တိုးဖို့ လုံးဝမလွယ်သလို ဖြစ်နေခဲ့ပါတယ်။ ဒူဘိုင်းရောက်ပြီး တစ်လကျော်ကျော်အထိ အလုပ်မရပဲ မိုးလင်းတာနဲ့ သတင်းစာဖတ်၊အင်တာနက်ကကြည့်နဲ့ တနေ့တနေ့ CV တွေ မေလ်းပို့လိုက်၊ Faxပို့လိုက်နဲ့ အိမ်လွမ်းနာကျနေတော့တာပါပဲ။ တစ်လကျော်တော့ financial investment ကုမ္ပဏီတခုမှာ marketing executiveနဲ့ ရပါတော့တယ်။ ကုမ္ပဏီကလဲ ကောင်းတယ်။ ကမ္ဘာဈေးကွက်မှာ နံပါတ်တစ်နေရာကို လေးကြိမ်ရထားဖူးတဲ့ ကုမ္ပဏီလေးပါ။ ကိုယ့်ကိုအင်တာဗျူးတဲ့ မန်နေဂျာက ဗုဒ္ဓဘာသာဝင်လေ။ ဆိုတော့ ကျွန်မကို လက်တွဲခေါ်လိုက်တဲ့ သဘောပါပဲ။ တစ်လ သင်တန်းတက်ရပါတော့တယ်။ ဒီကုမ္ပဏီက ဗီဇာမချိန်းပေးဘူး၊ လစာမပေးဘူး။ ကော်မရှင်ပေးတယ်ဆိုတဲ့ သဘောပေါ့။ အနည်းဆုံး investလုပ်ရမဲ့ ငွေက ဒေါ်လာ နှစ်သောင်းတဲ့ ။ စဉ်းစားတာကြည့်ပေတော့။ ဒူဘိုင်းဈေးကွက်ကို ဘာမှမသိသေးတဲ့ ကျွန်မအဖို့ မဟာအခက်အခဲတစ်ခုပေါ့။ ဗီဇာချိန်းပေးတယ်ဆို တော်သေးတယ်။ အခုတော့ ကိုယ့်ရဲ့ သုံးလသက်တမ်းပဲ ရှိတဲ့ visit visa လေးနဲ့ဆိုတော့ မလွယ်ဘူး။ အခုချိန်မှာ အရေးကြီးနေတာက ဗီဇာဖြစ်နေတယ်။ ဆိုတော့ သင်တန်းတလတက်လိုက်ရတဲ့ အကျိုးအမြတ်လေး တခုတော့ ရသွားပါတော့တယ်။ မန်နေဂျာမကြီးလဲ စိတ်မကောင်းဖြစ်ကျန်ခဲ့တာပါပဲ။ မတတ်နိုင်ဘူးကွယ်ပေါ့။
အဲဒီနောက်မှ သိလိုက်ရတာက သတင်းစာထဲ အလုပ်အလိုရှိကြောင်း ကြော်ငြာထဲ့ရင် ရပါသတဲ့။ ပိုအခွင့်အလမ်းပိုများပါသတဲ့။ အဲဒီလို အလုပ်ရှာလို့ ရမှန်း အဒေါ်လဲ မသိ၊ တူမလုပ်သူကလဲ မသိဆိုတော့ အချိန်တလသာကျန်တဲ့အတွင်းမှာ အလုပ်ရအောင် ကြိုးစားရပြန်တာပါပဲ။ သတင်းစာထဲ ထဲ့ကြော်ငြာရတော့တာပေါ့။ မဆိုးဘူးသိလား။ တော်တော်ထိရောက်တဲ့ ကြော်ငြာမှု့လေးပါပဲ။ နောက်တနေ့ မိုးလင်းတာနဲ့ လာလိုက်တဲ့ ဖုန်းခေါ် အဆက်မပြတ်ပါပဲ။ ကျွန်မက အင်တာဗျူးလာနိုင်တဲ့ အချိန်လေးတွေကို ခွာချိန်းပြီး တနေ့ လေးငါးခုလောက် သွားခဲ့ရပါတယ်။
ဘယ်နေရာရောက်ရောက် မိန်းကလေးတစ်ဦးဖြစ်တဲ့အတွက် အန္တာရယ်ကင်းဖို့ အဓိကကြည့်ရပါတယ်။ ဒီနိုင်ငံမှာ မိန်းကလေးတွေကို မြင်ရင် ကြည့်နေလိုက်ကြတာ ကျွန်မတွေးမိပါတယ်။ ပရုပ်လုံးသာဆို အဲဒီနေရာမှာတင် လုံးပါးပါးတယ်လို့ပေါ့။ ကျွန်မက အစကတည်းက အလုပ်မရချင်နေ ကိုယ်အတွက် အန္တာရယ်ကင်းကင်းနဲ့ အလုပ်လုပ်ရဖို့လိုတယ် ဆိုတဲ့အတွေးမျိုးနဲ့ အလုပ်ရှာတာဆိုတော့ တချို့ အလုပ်ရှင်အပြုအမူတွေနဲ့ မကြိုက်တာနဲ့ အင်တာဗျူးအောင်ပေမဲ့ အလုပ်မဆင်းခဲ့ဘူး။
့ :) သုံးလပြည့်သွားပြီ။ အလုပ်မရှိဘာမရှိနဲ့ ကဲ...ဘာဆက်လုပ်မလဲ ဒေါ်ဖူးဖူးပေါ့။ အိမ်ကထွက်လာကတည်းက အရှုံးနဲ့ ပြန်ဖို့ ထွက်လာတာ မဟုတ်ဘူးလေ။ အိမ်က ပြန်လာဖို့ ခေါ်ပေမဲ့ ကိုယ်စတဲ့ ဇာတ်ကိုယ်ဆုံးအောင်တော့ ကမယ်ဆိုပြီး ဗီဇာထပ်ဝယ်ဖို့ အိမ်ကို ငွေထပ်မံတောင်းပြီး ဗီဇာချိန်းရန် လူပေါင်းစုံ ပြသနာပေါင်းစုံတို့ ပေါများတဲ့ အီရန်နိုင်ငံ kish Island လေးကို မတ်လ ၁၅ရက်နေ့မှာ ထွက်ခွာခဲ့ရပါတော့တယ်။
ဆက်ရန်...
ပန်းပေါင်းတစ်ထောင် သို့မဟုတ် ဆေးဖက်ဝင်ပျားရည်
2 months ago
14 comments:
သိချင်တယ်
အီရန်မှာ ဘာတွေဖြစ်လဲဆိုတာ
ဗုံးတော့ မထိခဲ့တာသေချာတယ်နော်
ဒီလိုပါပဲ
ဘဝဆိုတာက
ဘယ်တော့မှ ပန်းခင်းလမ်းကိုမလျှောက်ရဖူးနော်
အားတင်းထား မငုံရေ
မဝေးတော့တဲ့ အနာဂတ်မှာ
မငုံထူထောင်ချင်တဲ့ ကျောင်းလေး တစ်ကျောင်းပေါ်ပေါက်လာတော့မယ်
ခရီးဆုံးထိလျှောက်ပါ
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်
သတ္တိကောင်းလိုက်တာ၊ dubai မှာ အလုပ်လုပ်မယ်ဆို အမေက လုံးဝပေးမသွားဘူး၊ ခေါ်တောကြည့်ဆိုတာ တကယ်ရှိတာနော်၊
မယို ရေ.. လာဖတ်ပြီး ရင်မသွားတယ်....
ဘယ်လိုထပ်ဖြစ်မတုန်းး.... အမလေးလေး...
တော်ပေသေးလို့ပေါ့... ငါ့အစ်မ တော့...
ဗုံးတော့ လွတ်ခဲ့တယ်မလား... အမလေးလေး..
မနက်ဖြန်မ ရင်မပြီးထပ်လာဖတ်ဦးမယ်..
ဘိုင့်.. ခုတော့...ကိုဖိုးစိန်ပေါ့ ထမင်းကျိုင့်နဲ့စောင့်နေတာ
ပထမဆုံးမန့်ချင်လို့တဲ့ သူ့ကိုသနားလို့...ပေါ့..
ဟွန့် ဘယ် ဘလော့ကိုတွားတား.. သူပဲ ပထမ လို့အော်နေတာ.. သနားလို့ သူ့ကိုအရင်ပေးမန့်လိုက်တာ..။
ခီခန့် (လူပျင်းလေး)
ဗဟုသုတရတယ် မကြီးငုံ..မြန်မြန်ဆက်နော်
ဒူဘိုင်းအတွေ့ အကြုံလေး ဖတ်မှတ်သွားပါတရ် မငုံရေ
နေကောင်းသွားပြီးဟုတ်
ခင်မင်ခြင်းနှင့်
တလနွန်
အွန်မလေးလေးးး ဒေါ်ငုံလေးရယ်။
အယားတို့ လာ ခိုမေနီ နဲ့ တွေ့ ခဲ့လိုက်သေးလားးး
သိချင်တယ် ..တွေ့ ရင်ပြောလိုက်သိလား
လပျံ ၃စီးလွှတ်ပေးပါလို့  .. target သိတယ်ဟုတ် ??
သတင်းကောင်း စောင့်မျှော်လျှက်...
ဖွားကိ ။
ငုံရေ
သူလဲ ဆက်မယ်ဆိုပါလား...
တို့လဲ စောင့်မယ်နော်...
ခုမှတွေးတွေးပြီးသနားလာတယ်...
Kish ကိုသွားရတဲ့ ဒုက္ခကလဲ သိတဲ့အတိုင်းပဲနော်....
စိတ်ဝင်စားစွာ စောင့်ဖတ်နေတယ် ငုံလေး
မငုံရေ.. ဖတ်ရတာ တန်းလန်းကြီး မြန်မြန်ဆက်နော်။
ခင်မင်လျှက်
မကြီး
အတွေ့အကြုံလေးတွေ လေ့လာသွားပါတယ် ..း)
နောက်လည်း မျှော်နေမယ်နော် :)
အီရန်မှာ နူကလီးယားဗုံး ခွဲခဲ့လား...။ U.N တင်ပြီး မငုံ ကို စစ်ရမယ်..။ နည်းပညာတွေ သယ်လာလို့ လေ..။ :P
အလကား အတည် နောက်တာ..။ မိန်းကလေးထဲမှာ ဒီလို သွားရဲလာရဲတာ တော်ပါပေတယ်၊ သတ္တိရှိပါပေတယ်ဗျာ...။
ညီမလေးရင်နဲ့ အမျှခံစားသွားတယ် အကိုက tag လုပ်တာမဟုတ်ပါဘူး ဒူဘိုင်းအကြာင်းရေးမယ်ဆိုလို့  မျှောနေပါတယ်လို့ ရေးမိတာပါ သိတယ်လေအလုပ်တွေများနေမယ်ဆို ဒါကြောင့်  ဘယ်သူကိုမှ tag မလုပ်ခဲ့ ဘူးလေအခုလိုတခုတ်တ၇ ရေးပေးတဲ့ ညီမလေးကိုကျေးဇူးတင်ပါတယ် ညီမလေး ပျော်ရွှင်ချမ်းမြေ့ပါစေကွယ် မန့်တာနောက်ကျသွားလို့ ခွင့် လွှတ်နော် ခင်မင်မှုများစွာဖြင့်  thondrae
မဖူးဘူးက သတ္တိလွှတ်ကောင်းပဲ...
စွန့်လွှတ်ရဲ စွန့်စားရယ်တယ်...
အဲဒါကြောင့် အခုလို အေးအေးဆေးဆေးနဲ့ အလုပ်ဆင်းနေနိုင်တာ...
နိုင်ငံခြားရောက် မြန်မာတစ်ဦးရဲ့ ငြီးချင်းလေး စဖတ်ပါပြီ မငုံရေ .....
သူဘာတွေ ဘယ်လို တက်လှမ်းမလဲ ..
သူဘာတွေ ဘယ်လိုကြိုးစားမလဲ ဆိုတာ
ဆက်သိနေချင်သေးတယ် ...
တော်သေးတယ် .. နောက်ကျမှ ဖတ်ဖြစ်တာ ..
မဟုတ်ရင် ဆက်ရန်ဆိုတဲ့ စကားအတိုင်း အကြာကြီး
မျှော်နေရဦးမယ် ...
နေဒေးသစ်။
Post a Comment