အစက ဘလော့ဂ်ဆိုတာ ဘာမှန်းတောင် မသိခဲ့ပါဘူး။ ဂျူးဝတ္တုတွေကို ဖတ်ရတာ ကြိုက်လို့ မမေရဲ့ဆိုဒ်လေးမှာ သွားဒေါင်းပြီး ဖတ်ဖြစ်တယ်။ ဒါပေမဲ့ မသိခဲ့ပါဘူး။ နောက်မနိုင်းနိုင်းစနေရဲ့ ဘလောဂ်အိမ်လေးမှ စာတွေကို အဒေါ်ကနေပြီး Forward လုပ်ပေးတယ်။ အဲဒီမှာ စာဖတ်ရတာ ၀ါသနာပါတဲ့ ကျွန်မတစ်ယောက် စာတွေဖတ်ရင်းကနေ ကိုယ်တိုင် ရေးချင်လာခဲ့တယ်။ ဖြစ်ချင်တော့ ဘယ်လိုရေးရမယ်မှန်း သိတောင် မသိခဲ့ပါဘူး။ မောင်အရင်းလို ဖြစ်နေတဲ့ ကိုရဲမှ သူ့ရဲ့ တစ်မိုးအောက် ကမ္ဘာငယ်ဆိုတဲ့ နိုင်ဆိုဒ်လေးမှာ ရေးဖို့ အကြံပေးတယ်။ ဒါပေမဲ့ ကိုယ်ပိုင်အိမ်လေး ဆောက်ချင်တာနဲ့ သိလဲမသိပဲ ဘယ်သူ့မှ မတိုင်ပင်ပဲ ကိုယ့်ဘာသာကိုယ် ဒီ blogspot မှာ စရေးတော့တယ်။ ပထမဆုံးတပုဒ်ရေးပြီးတာနဲ့ တန်းတင်ပြီး ကိုရဲကို link ပေးလိုက်တော့ မောင်နှမအချင်းချင်းမို့ ညှာညှာတာတာ ပြောရှာပါတယ်။ နင့်အိမ်ကလဲ အိမ်နဲ့မတူဘူး။ အိမ်ဆိုတာ ဘာတွေရှိရတယ်။ ဘယ်လိုအင်္ဂါရပ်တွေနဲ့ ပြည့်စုံရတယ်ဆိုတာ နင်မသိဘူးတဲ့။ မြည်တွန်တောက်တီးသံကို နားဆင်ရင်း ဒီကန္တာရမိုးစက်များ အိမ်ကို လက်သမားအဖြစ်ငှားပြီး တည်ဆောက်ခိုင်းလိုက်ပါတော့တယ်။ မှတ်မှတ်ရရပါပဲ။ ကိုရဲ ၊ အိုက်ခိလောက်တို့ကလဲ သူတို့ရဲ့ အိမ်လေးကို ဒီကန္တာရမိုးစက်လေးနဲ့အတူ တူတူဆောက်ခဲ့ကြတယ်။ အလုပ်အရှုပ်ဆုံးက ကိုရဲဖြစ်ပြီး မအိပ်ခဲ့ရပါဘူး။ သူ့ဆိုဒ်ပြေးလိုက် ၊ အိုက်ခိလောက်ဆိုဒ်ပြေးလိုက် ၊ ကန္တာရမှာ မိုးရွာလိုက်နဲ့ တယောက်တည်း ပျားတစ်ကောင်လို အလုပ်ရှုပ်နေချိန် ကျန်ကျေးဇူးရှင်နှစ်ယောက်ကတော့ အိပ်ကောင်းခြင်းနဲ့ အိပ်နေပါတော့တယ်။
ကဲ အိမ်လေးတော့ ပြီးသွားပြီ။ ကိုယ်ရေးချင်တာပဲ ရေးနေတယ်။ ကိုယ့်အိမ်ကို ဘယ်သူ့မှလဲ မလာဘူး။ အော်နေလွန်းလို့သာ နားငြီးမခံနိုင်လို့ လာပေးကြတဲ့ ကိုရဲ ၊ အိုက်ခိလောက် ၊ ကိုကြီးနေလင်း ၊ မျိုး ၊ လင်းလင်း ၊ စိမ်းလဲ့ ၊ ရဲတိုက် ၊ အောင်ဦး နဲ့ ကျွန်မအဒေါ်နဲ့မောင်ဝမ်းကွဲ ဘလက် တို့ကို အများကြီး ကျေးဇူးတင်ပါတယ်။ စရေးစမှာတော့ ဘယ်သူ့မှ မသိတဲ့ ရေးချင်တာ လျှောက်ရေးနေ စာလုံးပေါင်းမမှန် ၊ ပုဒ်ထီး ပုဒ်မ ဘယ်လိုချရမယ် မသိ ၊ စာပိုဒ် ဘယ်လိုခွဲရမယ် မသိပဲ ရေးနေတာကို နေ့တိုင်းနီးပါး လာအားပေးရင်း ၊ ပြုပြင်ပေးကြတယ်။ တစ်ဥိးတည်း ဒိုင်ခံ စီဘောက်မှာ အော်သူဆိုလို့ အိုက်ခိလောက်ပဲ ရှိခဲ့ပါတယ်။ အဲဒီလိုဆိုတော့ ၀မ်းနည်းလာတယ်။ ဆက်မရေးတော့ဘူးလို့ ဆုံးဖြတ်လိုက်မိတယ်။
သူများအိမ်တွေ စာသွားဖတ်ရင်း ကိုယ့်ဘလော့ဂ်လင့်လေး ချန်ထားခဲ့ ၊ ပြောပြခဲ့တာတွေ မရှိခဲ့တော့ ကိုယ်ဂျီတိုက်လွန်းလို့သာ ၊ ကိုယ့်ကို ခင်လွန်းလို့သာ ရောက်လာကြပေးကြတဲ့ သူငယ်ချင်းအပြင် တခြား စာဖတ်သူ အားပေးသူကို မျှော်နေမိတာပေါ့။ ဒီလိုနဲ့ ပိုစ့်ပေါင်း ကိုးပုဒ်ရေးးအပြီးမှာတော့ ကျွန်မရဲ့ အချစ်တော် လက်တော့လေး ကလိလွန်ပြီး ပျက်နေတဲ့အချိန်လေးမှာပေါ့…
ကိုယ့်ရဲ့ဘလော့ဂ်အိမ်လေးကို တစ်နေ့တစ်နေ့ ၀င်ကြည့်ရတာ အမောဖြစ်နေတဲ့ ကျွန်မတစ်ယောက် အပြင်က နက်ကဖေးလေးကနေ ဖွင့်လိုက်တော့ welcome ဆိုပြီး စီဘောက်မှာ တစ်စုံတစ်ယောက်က လာအားပေးထားတာကို တွေ့ရပါတော့တယ်။ ဘယ်လိုဝမ်းသာသွားမှန်းမသိဘူး။ ဒါပေမဲ့ နက်ကဖေးကမို့ မြန်မာစာဖောင့်ကို မမြင်ရတော့ ကျွန်မတစ်ယောက် မျောက်မီးခဲကိုင်မိနေပါတော့။ ကြည့်ချင်လိုက်တာ ပြောမနေနဲ့။ နောက်နှစ်ရက်လောက်နေမှ လက်တော့လဲ ပြန်ရရော အဲဒီ ပထမဆုံး ကျွန်မရဲ့ အားပေးသူကို အပြေးကျေးဇူးတင်စကားဆိုရပါတယ်။ ကျွန်မက ဦးချစ်ဖေလို့ ခေါ်တဲ့ ကိုဝင်းဇော် ( welcome) ကို အများကြီး ကျေးဇူးတင်ပါတယ်။ ဒီကန္တာရလေးရဲ့ ပထမဆုံးသော မိုးစက်ပွင့်ပါ။ အများကြီးကျေးဇူးတင်ပါတယ်ရှင့်။
အဲဒီနောက်ပိုင်း ကျွန်မ ပိုအားရှိလာခဲ့ရတယ်။ ကျွန်မကို ၀ိုင်းဝန်းပြီး ပြောပေးကြ ၊ ပြင်ပေးကြတဲ့ မောင်နှမများကို ရ၇ှိလာပါတော့တယ်။ ရှမ်းပြည်နယ်သားတွေ စုပေါင်းပြီး ရှမ်းပြည်နယ်နဲ့ ပက်သက်တဲ့ ဒေသဆိုင်ရာ ရိုးရာတွေ ၊ ကဗျာတွေ နောက် လူမှု့ရေး ကိစ္စ တွေပါလုပ်နိုင်အောင် ဆိုဒ်လေးတစ်ခုလုပ်ကြမယ်ဆိုပြီး တိုင်ပင်ကြတော့ ကျွန်မကို အချွန်နဲ့အမြဲမဖို့ ချောင်းနေတဲ့ အိုက်ခိလောက်မှ မငုံကိုပါ ထဲ့ရေးခိုင်းရင် မကောင်းဘူးလားတဲ့။ ဒီလိုနဲ့ တောင်ပေါ်သား ၊ ကိုကြယ်စင်မင်း ၊ စနေသား ၊ ကိုအနေမင်း ၊ မကြီးကိတို့ကိုပါ သိကျွမ်းခဲ့ရပြီး သူတို့တွေရဲ့ အားပေးမှု့ကိုလဲ ရရှိခဲ့တယ်။ ကျေးဇူးတင်ပါတယ် မော(၀ိ)မောင်နှမများတို့ရယ်.
ဒီလိုနဲ့စာတွေကို ချီတက်ရေးသားရင်း ကိုဖိုးစိန် က ကိုရဲ ၊ အိုက်ခိလောက်တို့နဲ့ပေါင်းပြီး လာလာအားပေး ၊ ပျော်ပေးလို့ အခုဆိုရင် မောင်နှမတွေလို ခင်မင်နေရပါတယ်။ ကျွန်မအိမ်က ကြက်ပေါက်လေးကို အမြဲလာတောင်းရင်း ခင်မင်သွားတဲ့ ရေတမာ ၊ အဲနောက်မှာတော့ ကျွန်မအိမ်လေးကို အမြဲလာအားပေးတဲ့ ကိုသုနြေ္ဒပါပဲ။ အစက သုနြေ္ဒဆိုတော့ မိန်းကလေးမှတ်ပြီး ညီမလေးတွေ ဘာတွေ လုပ်လိုက်သေးတယ်။ အားနာဖို့ ကောင်းတယ်။ ကိုသုနြေ္ဒလိုပဲ မိန်းကလေးမှတ်ပြီး အခေါ်မှားလိုက်သူကတော့ သက်တန့်ချိုပါ။ တောင်းပန်ရင်း ကျေးဇူးတင်စကားဆိုပါတယ်။
ကိုနေးတစ် ၊ ဦးရှင်ကြီး ၊ ဂျပန်ကောင်လေး ၊ အဆိပ်ခွက် ၊ ကိုနွယ်ရိုး ( မော(၀်)ရှမ်းမြေမှာလဲ အမြဲ နယ်သားတွေကို လာအားပေးတယ်လေ ) ၊ ချီခန့် (ငပျင်းလေး) စတဲ့ နယ်သားတွေနဲ့ရဲ့ အားပေးမှု့ကိုလဲ ရရှိခဲ့တယ်။ ကျေးဇူးတင်ပါတယ်။
ကိုဘိုဘို( မိုးကုတ်သား) ၊ ကိုမင်းအိမ်ဖြူ ၊ ကိုမိုးသောက် ၊ ကိုနေညိုရင့် ၊ ကိုနေဒေးသစ် ။လဂွန်းအိမ် ၊ ခမ်းကီး ၊ ကိုပြည်စုံ၊ ကိုမြစ်ကျိုးအင်း ၊ ငချမ်းတောင် ၊ ကိုမိုးစက် (စိမ့်စမ်းရေ) ၊ TnT ၊ ကိုယုယ ၊ တလနွန် ၊ ရွှေပြည်ဦး ၊ ရီနိုမာန် ၊ ကိုသီဟသစ် ၊ ကလောသား ၊ ဧရာဝတီသား ၊ ဂျေဂျူပိုင် ၊ မနောသား တို့ရဲ့ လာရောက် အားပေးမှု့ ခင်မင်မှု့တို့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။
ကဗျာတွေ ရေးကြတဲ့ ကိုဗညားရှိန် ၊ အရုပ်လေး ၊ နွေဆူးလင်္ကာ ၊ မိုးစက်အိမ် ၊ ၊ ကိုဇောင်း ၊ နေမင်းသံစဉ် တို့ရဲ့ အမြဲလာရောက်အားပေးမှု့တွေကို ကျေးဇူးတင်လျက်ပါ။
ထူးထူးခြားခြားကတော့ သူငယ်ချင်းတစ်ယောက်နဲ့ နက်ကဖေးမှာ ဘလော့ဂ်လည်ရင်း ရောက်ရှိသွားတာကတော့ ဦးလူထွေးရဲ့အိမ်ပါပဲ။ ဦးလူထွေးက သတိပေးစကားဆိုထားပါတယ်။ သူ့ပိုစ့်ကို စာသင်ခန်း ၊ အလုပ်တွေမှာ ဖတ်ရင် အကျယ်ကြီး မရယ်မိဖို့ပါ။ ဒါပေမဲ့ ကျွန်မနဲ့ သူငယ်ချင်းကတော့ ဆိုင်ရှင်ရဲ့ မျက်မှောင်ကြုတ်အကြည့်နဲ့ ဘာတွေ သဘောကျြ့ပီး ရယ်နေမှန်းမသိလို့ လိုက်ကြည့်နေကြတဲ့ ကုလားတွေကြား အကျယ်ကြီး ရယ်ခဲ့မိတယ် ဦးလူထွေးရေ။
ညီအမတွေဖြစ်တဲ့ မကြီးရောင်ပြန် ၊ မကြီးကောင်းကင်ပြာ ၊ မခင်ဦးမေ ၊ ကြယ်ပြာ ၊ မက်မက် ၊ မိုးခါး ၊ ခြင် ၊ မနမ်း ၊ မေလေး ၊ စိတ်၏ဖြေရာ ၊ မသီတာ ၊ Waing ၊ ဇူးဇူး ၊ မေဇင် ၊ မြူးသျှရီ ၊ အမရာတို့ရဲ့ အားပေးမှု့ ၊ ခင်မင်ခွင့်ရခဲ့တာတွေကို တအား ကျေးဇူးလဲတင်တယ်။ ပျော်လဲပျော်တယ်။
ကျောပိုးအိတ် ၊ နွေမိုးတိမ် ၊ lonely၊ စိုင်းစိုင်း ၊ ဏီကင်(န်)း ၊ သဒ္ဒါလှိုင်း ၊ ဒဏ္ဌာရီလေး ၊ သားပျိုတို့ရဲ့ လာရောက်အားပေးမှု့ကိုလဲ ကျေးဇူးတင်စကားဆိုချင်တယ်။
နောက် ကျွန်မရဲ့ ဒဒွေးဘော်ဒါတွေပါ။ တစ်ခါတစ်ခါစုမိရင် တော်တော်နဲ့ အချိန်မှန်အောင် ရောက်မလာကြ ၊ လူစုပြန်ခွဲဖို့ ကြာတတ် ၊ စားသောက်တဲ့နေရာမှာ ဗိုလ်မထားကြ (ရှင်းရတဲ့သူအလှည့်ကျတိုင်း မျက်လုံးပြူးပါတယ် )တဲ့ ဇော် ၊ မနှင်း ၊ သမီးပျို ၊ အိန်ဂျယ်၊ ကိုချမ်း နဲ့ ဇနီး မဖြူ ကိုပီတာ ၊ ကိုဗျက်ဇနဲ့ ဇနီး မမေသူ ၊ မောင်ဝေယံ ၊ ကိုဖြိုး (လင်းကြယ်ဖြူ) ၊ ကိုဟန် နောက် ရွှေရောင်စဉ်မဂ္ဂဇင်းမှာ ရေးဖို့ ဖိတ်ခေါ်ခဲ့တဲ့ ဒူဘိုင်းမြန်မာအဖွဲမှ အယ်ဒီတာကြီးတွေဖြစ်တဲ့ ကိုမိုးဇော်လွင် ၊ ကိုကျော်သာယာမြင့် တို့ကို အများကြီး ကျေးဇူးတင်တယ်။ တော်တော်လေးလဲ ပျော်ရတယ်။
အခုချိန်ထိ ကျွန်မ ဒီပိုစ့်အပါအ၀င် ၁၁ရ ပုဒ်ရေးပြီးသွားပြီ။ ဒါပေမဲ့ ကျွန်မ စဉ်းစားမိတယ်။ တကယ်တမ်းဆို ကျွန်မစာမရေးတတ်သေးပါဘူး။ ကျွန်မကို ခင်မင်လို့ တဂ်တာမှန်သမျှကိုလဲ ရေးတတ်ပါတယ်။ ဒါကြောင့် ကျွန်မအသိတယောက်တောင် ပြောသွားပါတယ်။ ကျွန်မရဲ့ဘလော့ဂ်အိမ်လေးက တဂ်ပိုစ့်ရေးတဲ့ ဘလော့ဂ်အိမ်လားတဲ့။ အဲဒါလေးကို ဖတ်ရတော့ ကျွန်မစိတ်ညစ်ပြီး (အမှန်ဆို ဘာမှလဲ မဟုတ်ပဲ) ဘလော့ဂ်လေးကို တပတ်လောက် ပိတ်လိုက်သေးတယ်။ ဒါပေမဲ့ ကျွန်မ စာဖတ်ရ ၊ စာရေးရတာကို ပျော်တဲ့ ကြိုက်တဲ့သူတစ်ယောက်ပါ ၊ ဒါကြောင့် ကျွန်မ ပြန်ဖွင့်ခဲ့တယ်။ မကြီးကီနဲ့ ကိုစိုင်းနော်ခမ်းတို့ကလဲ ဒါလေးအပြောခံရတာနဲ့တင် ဘလော့ဂ်ပိတ်မပိတ်ပစ်ဖို့ အားပေးပါတယ်။ တခြား ခင်မင်ရာတွေကလဲ မေလ်းနဲ့ပို့ပြီး ဘလော့ဂ်ပြန်ဖွင့်ဖို့ ပြောခဲ့ကြတယ်။ အဲအတွက်လဲ အားတက်ရပါတယ်။ ကျေးဇူးတင်ပါတယ်ရှင်။
ပြီးတော့ ဘလော့ဂ်လည်တဲ့ အချိန်ကို သပ်သပ်ပေးပြီးကို လည်ပါတယ်။ တစ်ခါတစ်လေ မအားလဲ ခိုးလည်နေတတ်ပါပြီ။ အဲလို သွားရောက်ဖတ်ရာမှာ ခြေရာလေး ချန်ခဲ့တာရှိသလို ၊ တခါတလေ ခြေရာလေးမထားခဲ့မိပါဘူး။ အဲလို ကောမန့်ပေးးခဲ့ရာမှာ ဖြစ်ဖြစ် ၊ စီဘောက်မှာ နှုတ်ဆက်ခဲ့ရာမှာ ဖြစ်ဖြစ် တစုံတခု အမှားအယွင်းများ ရှိခဲ့ရင် တောင်းပန်တယ်နော်။ အခုချိန်ထိ လာရောက်အားပေးကြတဲ့ သူငယ်ချင်း ၊ ကျွန်မ မောင်နှမတွေ နဲ့အတူ ဘလော့ဂ်မောင်နှမများအားလုံးကျေးဇူးတင်ပါတယ်။ ဒီနာမည်စာရင်းထဲမှာ မေ့ကျန်ခဲ့သူရှိရင်လဲ ခွင့်လွှတ်နော်။ တခြား ခြေရာလေး မချန်ခဲ့ ၊ စာလာဖတ်ကြတဲ့ စာဖတ်သူတွေကိုလဲ "မငုံ " အဖြစ် အသိအမှတ်ပြုပေးကြလို့ အများကျေးဇူးအများကြီး တင်ပါတယ်လို့ ပြောချင်ပါတယ်။
လာမဲ့နှစ်တွေမှာ ကြိုးစားပြီးရေးပါဦးမယ်။ ကန္တာရမိုး ဆက်လက်ရွာသွန်းချင်ပါသေးတယ်။